“အဆောင် (၂) အိပ်မက်နိဒါန်း” ရုပ်သံဇာတ်လမ်းတွဲ တွင် ပါဝင်ပုံဖော်ထားသော အနုပညာရှင်များ၏ Character အညွှန်း

Jan 1st, 2020

ပရိသတ်များအတွက် “အဆောင် (၂) အိပ်မက်နိဒါန်း” ရုပ်သံဇာတ်လမ်းတွဲ တွင် ပါဝင်ပုံဖော်ထားသော အနုပညာရှင်များ၏ Character အညွှန်း ကို ဖော်ပြပေးလိုက်ပါတယ်။
အဘက်ဘက်မှ အရာရာ ပြည့်စုံပေါလျှံနေသော်လည်း မိန်းမဖြစ်သူနှင့် အပေးအယူ လိုအပ်ချက်တွေ ရှိနေသူ … ဉီးမြတ်ကျော် အဖြစ် ရဲအောင်
ငယ်စဉ်က ဘဝနာခဲ့၍ လောကကြီးကို မကောင်းမြင်ဝါဒ စွဲကိုင်ကာ ချက်ချင်းလက်တုံ့ပြန်တတ်သော … လင်းစက် အဖြစ် ဆုမြတ်နိုးဦး
ပညာတတ်မိန်းကလေး တစ်ယောက်ဖြစ်ပြီး နိုင်ငံခြားမှာ ပညာဆက်သင်ဖို့အတွက် ကြိုးစားနေသူ … စိမ်း အဖြစ် မေသက်ကျော်
ငယ်စဉ်က ချမ်းသာတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရသူ ဖြစ်သော်လည်း မိမိရဲ့ ဘဝအမှန်ကို ရှာဖွေရန်အိမ်မှ ထွက်လာခဲ့သူ ဒီဇိုင်နာကောင်မလေး … အေနီ အဖြစ် ဆုထက်
အေနီ့မွေးစားမိဘများရဲ့ သားအရင်း အေနီ့ကို ညီမလေး တစ်ယောက် ထပ်ပိုကာ ဆန္ဒမှန်သမျှကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးတတ်သော အယ်ဒို အဖြစ် ညီထွဋ်ခေါင်
အောင်မြင်ကာစ မော်ဒယ် တစ်ယောက်ဖြစ်သော်လည်း ဆုံးပါးသွားပြီဖြစ်တဲ့ မိဘတွေရဲ့ ဝိညာဉ်နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေသူ … ပဒုမ္မာ အဖြစ် စပ်ယွန်းဝတီးဦး
ပဒုမ္မာကို တစ်ဖက်သတ်ချစ်နေသော ပဒုမ္မာ၏ ဓါတ်ပုံဆရာ … မှူး အဖြစ် ပြေဇင်

မွေးရာပါ ဆဌမအာရုံရနေသူဖြစ်ပြီချစ်သူနဲ့ အတိတ်ဘဝက သစ္စာကျိန်စာကို ယခုထိတိုင် အသက်ဝင်နေကြောင်း ယုံကြည်ထားသူ …. မေချို အဖြစ်ထက်အိန္ဒြာနိုင်
Online တွင် တိုးတက်ရေးအကြောင်းများ ဟောပြောသူအဖြစ် လူသိများသော Blogger တစ်ယောက် အဖြစ်ရပ်တည်နေသူ … နေသန် အဖြစ် ထူးပြည့်အောင် 
အရွယ်နှင့်မလိုက်တဲ့ မိသားစု တာဝန်တွေကို လုပ်ကိုင်နေရပြီး ဘယ်တော့များမှ ပြန်လာမှန်းမသိသော ချစ်သူကို မျှော်ရင်း ငိုရတဲ့ ညပေါင်းရှည်ကြာနေရတဲ့သူ … သူနာပြုမလေး တင်မမ အဖြစ် မေစီမေ
တည်ငြိမ်ရင့်ကျက်သော တင်မမအား စွဲလန်းနှစ်ခြိုက်သွားတဲ့ သင်္ဘောအရာရှိလေး … ခိုင်မြဲ အဖြစ် Russel
နယ်ကမိဘတွေရဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေကြောင့် ရန်ကုန်မှာ သင်တန်းလာတက်သည်ဟု ဗန်းပြကာ ပျော်လိုက်ပါးလိုက်နေချင်သူ … စန္ဒီ အဖြစ် အိမ့်မှူးကေသွယ်
စန္ဒီကို ရူးရူးမိုက်မိုက် ချစ်ကြိုက်မိသူကတော့ တက်တူးဆရာလေး … Key အဖြစ် Young P
အဆောင်ကို ပစ္စည်းတွေ ရောက်လာတိုင်း နိုင်ငံခြားက အစ်ကို ပို့လိုက်တာပါ ဟု အမြဲကြွားပိုလေ့ရှိသော၊ အဆောင်သူများက အမြဲအားကျရသော သူကတော့ … တုတု အဖြစ် ချစ်မေတ္တာချို တို့က ပါဝင်သရုပ်ဆောင်ထားပါသည်။

Recent News