“အဆောင် (၂) အိပ်မက်နိဒါန်း”

ဒါရိုက်တာ – အကယ်ဒမီမလိခစိုးထိုက်အောင်

ဇာတ်လမ်း၊ ဇာတ်ညွှန်း – မယ်ခိုင်နှင့် ရွှေပြည့်

သရုပ်ဆောင် – အကယ်ဒမီရဲအောင်၊ ပြေဇင်၊ ညီထွဋ်ခေါင်၊ ညိမ်းသော်၊ Russell၊ ထူးပြည့်အောင်၊ Young P၊ ဆုမြတ်နိုးဦး၊ စပ်ယွန်းဝတီးဦး၊ဆုထက်၊ မေစီမေ၊ မေသက်ကျော်၊
ထက်အိန္ဒြာနိုင်၊ ချစ်မေတ္တာချို၊ အိမ့်မှူးကေသွယ်

“အဆောင် (၂) အိမ်မက်နိဒါန်း” ရုပ်သံဇာတ်လမ်းတွဲ

ခြံအမှတ် (၂၇) ဆိုတဲ့ အိမ်ကြီးမှာ … ပြန်လာမယ်လို့ ‌ပြောခဲ့တဲ့ ချစ်သူကို စောင့်နေရတဲ့ သူနာပြုမလေး … “တင်မမ” ပါဆယ်ပစ္စည်းတွေ ရောက်လာတိုင်း နိုင်ငံခြားက အစ်ကို ပို့လိုက်တာပါလို့ အမြဲအကြွားပိုတတ်သူ … “တုတု” ရန်ကုန်မှာ သင်တန်း လာတက်တယ်လို့ ဗန်းပြကာ ပျော်လိုက်ပါးလိုက်နဲ့ လွတ်လပ်ရေးရနေသူ ... “စန္ဒီ” မွေးရာပါဆဋ္ဌမအာရုံ ရနေသူ … “မေချို” မေချိုဆီက အကြားအမြင် ပါရမီကို လေ့လာသင်ယူနေသူက မော်ဒယ်လ်မလေး … “ပဒုမ္မာ” အဆောင်ကို ထူးထူးခြားခြား ရောက်လာသူက မိမိ ဘ၀အမှန်ကို ရှာဖို့ထွက်လာခဲ့သူ ဒီဇိုင်နာမလေး … “အေနီ” နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ အရာရာစွန့်လွှတ်ကာ ကြိုးစားနေသူလေး … “စိမ်း” ခံစားချက် ကိုယ်စီ ဘ၀ကိုယ်စီနဲ့ အဆောင်သူများ၏ လျှို့ဝှက်ချက်ကို မကောင်းမြင်ဝါဒ စွဲကိုင်ကာ လက်တုံ့ပြန်တတ်တဲ့ … “လင်းစက်” ဆိုတဲ့အဆောင်သူ သိသွားတဲ့ အခါမှာတော့ … ♦ လင်းစက်ရဲ့ ပစ်မှတ်က ဘယ်သူတွေဖြစ်မလဲ ? ♦ အဆောင်သူတွေကရော ဘယ်လို လက်တုံ့ ပြန်ကြမှာလဲ ? ♦ လင်းစက်ရဲ့ အားနည်းချက်ကရော ဘာလဲ ? ♦ အဆောင်သူများနဲ့ လင်းစက်တို့အကြား ဘာတွေ ဖြစ်ကြမလဲ ? ဆွတ်ပျံ့လွမ်းဆွေဖွယ် အဖြစ်အပျက် ... ထိတ်လန့်ခြောက်ခြားဖွယ် အဖြစ်အပျက် ... ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်တွေနဲ့ ရိုက်ကူး ပုံဖော်ထားတဲ့ ဇာတ်လမ်းတစ်ခု "အဆောင် (၂) အိပ်မက်နိဒါန်း "

DIRECTOR & SCRIPT WRITERS


Director
အကယ်ဒမီမလိခစိုးထိုက်အောင်
Script Writers
မယ်ခိုင်နှင့် ရွှေပြည့်