“အဆောင်” ရုပ်သံဇာတ်လမ်းတွဲ တွင် ပါဝင်ပုံဖော်ထားသော အနုပညာရှင်များ၏ Character အညွှန်း

Jun 1st, 2019

ပရိသတ်များအတွက် “အဆောင်” ရုပ်သံဇာတ်လမ်းတွဲ တွင် ပါဝင်ပုံဖော်ထားသော အနုပညာရှင်များ၏ Character အညွှန်း ကို ဖော်ပြပေးလိုက်ပါတယ်။
♦   မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် ကိုမာဝင်ကာ နှစ်ပေါင်းများစွာ မေ့မျောနေခဲ့ရသူ မြနှင်းနု၏မောင် နုမောင် အဖြစ်
ညိမ်းသော်
♦   အတိတ်က အရိပ်မည်းတွေအောက်မှာ ဘဝကို အထီးကျန်စွာ၊ လျှို့ဝှက်စွာ ဖြတ်သန်းရှင်သန်ခဲ့ရတဲ့ အပျိုကြီး မြနှင်းနု အဖြစ် ဆုထက်ကုဋေ
♦   
အဆောင်သူအားလုံးထဲတွင် အသက်အကြီးဆုံးဖြစ်ပြီး သတင်းပေါင်းစုံ၊ အတင်းပေါင်းစုံကို သယ်လာတတ်သူ သူနာပြုဆရာမလေး တင်မမ အဖြစ် မေစီမေ
♦   
ဘဝရပ်တည်မှုအတွက် အချစ်နှင့်နှလုံးသားကို လှေကားထစ်သဖွယ် အသုံးချနေတတ်သော အလှဘုရင်မလေး မွန်းရတီ အဖြစ် ဖြိုးပပထူး
♦   
အစားအသောက်ကိုသာ ရင်ခုန်၍ ကျန်သည့်အရာတိုင်းကို မိမိနှင့်မဆိုင်သလို သဘောထားတတ်သူ အစားပုတ်မလေး အီသာ အဖြစ် ဆုရည်ထက်
♦   
အစအနောက်သန်ပြီး သူငယ်ချင်းများအတွက်ဆိုလျှင် ဂျိုကာတစ်ယောက်လို ဖြည့်ဆည်းပေးတတ်သူ အိမ်ပြေးလေး
ဝါ ဆို အဖြစ် ဟိန်းဇာနည်ခိုင်
♦   
မိန်းကလေးတစ်ယောက်အဖြစ်မွေးဖွားလာရသည်ကိုပင် ဘဝ၏ အမှားအယွင်းကြီးသဖွယ် ညည်းညူးရင်း အမြဲတစေ အလုပ်ရှာနေတတ်သော ယောင်္ကျားလျာလေး သွန်းအဖြစ် သဲသဲဆုငြိမ်း
♦   
လောကီအစီအရင်များကို စိတ်ဝင်စားပြီး နာမ်လောက ပရလောကများနှင့် ဆက်သွယ်ဖို့ ကြိုးစားနေတတ်သူ အကြားအမြင်ဆရာမလေး ပဒုမ္မာ အဖြစ် စပ်ယွန်းဝတီဦး
♦   
အချစ်ကို ကိုးကွယ်ပြီး ကူကယ်ရာမဲ့နေတဲ့ အထီးကျန်ဝိညာဉ်မလေး သရဖူ အဖြစ် ဆုထက်
♦   
နူးညံ့ကြော့ရှင်းသော အလှတရားမျာ၏ နောက်ကွယ်တွင် လျှို့ဝှက်နာကျင်ဖွယ် ဘဝတစ်ခုကို ပိုင်ဆိုင်ထားရသည့် ယောဂဆရာမလေး ကြည်နူး အဖြစ် ရွှန်းယမုံ တို့ ဖြစ်ပါသည်။

 

Recent News