“အဆောင်” ရုပ်သံဇာတ်လမ်းတွဲအား သတင်းစာနယ်ဇင်းမီဒီယာများသို့ မိတ်ဆက်အပ်နှံခြင်း အခမ်းအနား

May 22nd, 2019

AIM TREASURE မှ စီစဉ်ရိုက်ကူးတင်ဆက်သည့် “အဆောင်” ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ အကယ်ဒမီမလိခစိုးထိုက်အောင် မှ ရိုက်ကူးပုံဖော်ထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းကို မယ်ခိုင်၊ရွှေပြည့်နှင့် ဆုဩချယ်တို့မှ ရေးသားခဲ့ပါသည်။ ၎င်းရုပ်သံဇာတ်လမ်းတွဲကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် Fortune TV Channel (free-to-air) မှ အပတ်စဉ် စနေနေ့တိုင်း ည (၇:၀၀)၊ Replay အဖြစ် တနင်္ဂနွေနေ့ နံနက် (၈:၃၅) နှင့် ညနေ (၃:၄၅) အချိန်တို့တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။ စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို (၂၂.၅.၂၀၁၉) နေ့တွင် The Yangon Gallery ၌ ပြုလုပ်ခဲ့ပါသည်။

ထိုအခမ်းအနားတွင် “အဆောင်” ရုပ်သံဇာတ်လမ်းတွဲနှင့်ပတ်သက်သည့်အကြောင်းအရာများကို ပြောကြားပေးခဲ့သူများမှာ –
♦   ဦးထက်အောင်ကျော် (Channel Manager, Fortune TV Channel)
♦   မယ်ခိုင် (ဇာတ်လမ်း၊ ဇာတ်ညွှန်း)
တို့ဖြစ်ပြီး အဓိကသရုပ်ဆောင်အသီးသီးမှာလည်း မိတ်ဆက်စကားများ ပြောကြားခဲ့ပါသည်။ သရုပ်ဆောင်များစွာဖြင့် ရိုက်ကူးပုံဖော်ထားသော “အဆောင်” ရုပ်သံဇာတ်လမ်းတွဲကို စာနယ်ဇင်းမီဒီယာများသို့ မိတ်ဆက်အပ်နှံ၍ သတင်းပေးအပ်ခဲ့ပါသည်။

Recent News