“အဆောင်-၂ (အိပ်မက်နိဒါန်း)” ရုပ်သံဇာတ်လမ်းတွဲ သတင်းစာနယ်ဇင်းမီဒီယာများသို့ မိတ်ဆက်အပ်နှံခြင်းအခမ်းအနား

Dec 17th, 2019

AIM TREASURE မှ စီစဉ်ရိုက်ကူးတင်ဆက်သည့် “အဆောင်-၂ (အိပ်မက်နိဒါန်း)” ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ အကယ်ဒမီမလိခစိုးထိုက်အောင်မှ ရိုက်ကူးပုံဖော်ထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းကို မယ်ခိုင်နှင့် ရွှေပြည့် တို့မှ ရေးသားခဲ့ပါသည်။

အကယ်ဒမီရဲအောင်၊ ပြေဇင်၊ ညီထွဋ်ခေါင်၊ ညိမ်းသော်၊ Russel၊ ထူးပြည့်အောင်၊ Young P၊ ဆုမြတ်နိုးဦး၊ ဆုထက်၊ မေစီမေ၊ မေသက်ကျော်၊ ထက်အိန္ဒြာနိုင်၊ ချစ်မေတ္တာချို၊ အိမ့်မှူးကေသွယ် နှင့် သရုပ်ဆောင်များစွာ ပါဝင်မည် ဖြစ်ပါသည်။

ယခင် “အဆောင်” ရုပ်သံဇာတ်လမ်းတွဲတွင် Episode (8) ခုပါဝင်ခဲ့ပြီး ပရိသတ်များ တစ်ခဲနက်အားပေးမှုကြောင့် ယခု “အဆောင် -၂ (အိပ်မက်နိဒါန်း)” ရုပ်သံဇာတ်လမ်းတွဲတွင် Episode (24) ခုပါဝင်မှာ ဖြစ်သည်။

Recent News