Ah Saung

“အဆောင်” ရုပ်သံဇာတ်လမ်းတွဲ

စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ “ယောင်္ကျား လုံးဝ မဝင်ရ” ဆိုတဲ့ အဆောင်တစ်ခု။
အဲ့ဒီအဆောင်ကြီးမှာ အဆောင်ရှင် မြနှင်းနုဆိုတဲ့ အထီးကျန်အမျိုးသမီးကြီးတစ်ယောက် လျှို့ဝှက်စွာ နေထိုင်နေတယ်။ မကြာခင်မှာ လျှို့ဝှက်ချက်ကိုယ်စီ၊ နောက်ကြောင်းကိုယ်စီနဲ့ အဆောင်သူ (၇) ယောက် အဲ့ဒီအဆောင်ကြီးမှာ ဆုံမိကြတဲ့အခါ…
♦ အဆောင်ရှင်အပျိုကြီးရဲ့ လျှို့ဝှက်ချက် ?
♦ အဆောင်ကြီးရဲ့ လျှို့ဝှက်ချက် ?
အဖြစ်အပျက်တွေရဲ့ နောက်ကွယ်မှာ လွမ်းစရာ ဇာတ်လမ်းလေး ရှိနေခဲ့တယ်။

 

ဒီလို ထိတ်လန့်ခြောက်ခြားဖွယ်၊ ဆွတ်ပျံ့လွမ်းမောဖွယ် အဖြစ်အပျက်တွေကြားမှာ အဆောင်ရှင် အမျိုးသမီးကြီးနဲ့ အဆောင်သူတွေ ဘာတွေဖြစ်ကြမလဲ ?

 

ခြောက်ခြားစရာကောင်းတဲ့ အဖြစ်အပျက်၊ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေနဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ခု “အဆောင်”

ဒါရိုက်တာ – အကယ်ဒမီမလိခစိုးထိုက်အောင်
ဇာတ်လမ်း၊ဇာတ်ညွှန်း – မယ်ခိုင်၊ ရွှေပြည့်၊ ဆုဩချယ်
သရုပ်ဆောင်များ – ညိမ်းသော်၊ ဆုထက်ကုဋေ၊ စပ်ယွန်းဝတီဦိး၊ ဆုထက်၊ ဆုရည်ထက်၊ ဖြိုးပပထူး၊
မေစီမေ၊ ရွှန်းယမုံ၊ သဲသဲဆုငြိမ်း၊ ဟိန်းဇာနည်ခိုင်