Ah Saung (2)

“အဆောင် (၂) အိပ်မက်နိဒါန်း” ရုပ်သံဇာတ်လမ်းတွဲ

ခြံအမှတ် (၂၇) ဆိုသော အိမ်ကြီးတွင် တင်မမ၊ ပဒုမ္မာ၊ စန္ဒီ၊ လင်းစက်၊ တုတု၊ မေချို၊ အေနီနှင့် စိမ်း ဟူသော ဘဝကိုယ်စီဖြင့် အဆောင်သူ (၈) ဦးတို့ နေထိုင်ကြလေသည်။

 

အရွယ်နှင့်မလိုက်တဲ့ မိသားစု တာဝန်တွေကို လုပ်ကိုင်နေရပြီး ဘယ်တော့များမှ ပြန်လာမှန်းမသိသော ချစ်သူကို မျှော်ရင်း ငိုရတဲ့ ညပေါင်းရှည်ကြာနေရတဲ့သူ … သူနာပြုမလေး တင်မမ
တည်ငြိမ်ရင့်ကျက်သော တင်မမအား စွဲလန်းနှစ်ခြိုက်သွားတဲ့ သင်္ဘောအရာရှိလေး … ခိုင်မြဲ

 

အဆောင်ကို ပစ္စည်းတွေ ရောက်လာတိုင်း နိုင်ငံခြားက အစ်ကို ပို့လိုက်တာပါ ဟု အမြဲကြွားပိုလေ့ရှိသော၊အဆောင်သူများက အမြဲအားကျရသော သူကတော့ …. တုတု

 

တုတုရဲ့အစ်ကို ဆိုသူမှာ ရာဇာလို့ခေါ်တဲ့ ဆရာဝန်တစ်ယောက် …
ထိုသို့ မကြာခဏအကြွားပိုတတ်တဲ့ တုတုမှာ Online ပေါ်မှာတွေ့တဲ့ Account ပိုင်ရှင်ကို သံယောဇဉ်ပိုကာ ထို Online ချစ်သူကို နှစ်သက်စွဲလန်းနေမိပါတယ်။
တုတုနဲ့ တစ်ခန်းတည်းနေသူ နောက်ထပ် အဆာင်သူ တစ်ယောက်ကတော့ …
နယ်ကမိဘတွေရဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေကြောင့် ရန်ကုန်မှာ သင်တန်းလာတက်သည်ဟု ဗန်းပြကာ ပျော်လိုက်ပါးလိုက်နေချင်သူ … စန္ဒီ
စန္ဒီကို ရူးရူးမိုက်မိုက် ချစ်ကြိုက်မိသူကတော့ တက်တူးဆရာလေး … Key

 

အဆောင်သူများကြားမှာ တစ်မူထူးခြားသူက မွေးရာပါ ဆဌမအာရုံရနေသူဖြစ်ပြီး ချစ်သူနဲ့ အတိတ်ဘဝက သစ္စာကျိန်စာကို ယခုထိတိုင် အသက်ဝင်နေကြောင်း ယုံကြည်ထားသူ …. မေချို
မေချိုဆီက အကြားအမြင် ပါရမီကို လေ့လာသင်ယူနေသူက …
အောင်မြင်ကာစ မော်ဒယ် တစ်ယောက်ဖြစ်သော်လည်း ဆုံးပါးသွားပြီဖြစ်တဲ့ မိဘတွေရဲ့ ဝိညာဉ်နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေသူ … ပဒုမ္မာ အဖြစ် စပ်ယွန်းဝတီးဦး
သူတို့နှစ်ယောက်ကြား ဝင်လာခဲ့သူက …
ပဒုမ္မာကို တစ်ဖက်သတ်ချစ်နေသော ပဒုမ္မာ၏ ဓါတ်ပုံဆရာ … မှူး

 

ငယ်စဉ်က ချမ်းသာတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရသူ ဖြစ်သော်လည်း မိမိရဲ့ ဘဝအမှန်ကို ရှာဖွေရန်အိမ်မှ ထွက်လာခဲ့သူ ဒီဇိုင်နာကောင်မလေး … အေနီ
အေနီ့မွေးစားမိဘများရဲ့ သားအရင်း အေနီ့ကို ညီမလေး တစ်ယောက် ထပ်ပိုကာ ဆန္ဒမှန်သမျှကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးတတ်သော … အယ်ဒို

 

ပညာတတ်မိန်းကလေး တစ်ယောက်ဖြစ်ပြီး နိုင်ငံခြားမှာ ပညာဆက်သင်ဖို့အတွက် ကြိုးစားနေသူ …
စိမ်း
အဘက်ဘက်မှ အရာရာ ပြည့်စုံပေါလျှံနေသော်လည်း မိန်းမဖြစ်သူနှင့် အပေးအယူ လိုအပ်ချက်တွေ
ရှိနေသူ … ဦးမြတ်ကျော်
Online တွင် တိုးတက်ရေးအကြောင်းများ ဟောပြောသူအဖြစ် လူသိများသော Blogger တစ်ယောက်
အဖြစ်ရပ်တည်နေသူ … နေသန်

 

ငယ်စဉ်က ဘဝနာခဲ့၍ လောကကြီးကို မကောင်းမြင်ဝါဒ စွဲကိုင်ကာ ချက်ချင်းလက်တုံ့ပြန်တတ်သော
… လင်းစက်

⇒  လင်းစက်ရဲ့ပစ်မှတ်က ဘယ်သူတွေဖြစ်မလဲ  ?
⇒ အဆောင်သူတွေကရော ဘယ်လို လက်တုံ့ပြန်ကြမှာလဲ  ?
⇒ လင်းစက်ကို လက်စားချေဖို့ လင်းစက်ရဲ့ အားနည်းချက်ကရော ဘာလဲ  ?
⇒ အဆောင်သူများနှင့် လင်းစက်တို့ အကြား ဘာတွေ ဖြစ်ကြမလဲ ?

 

ဆွတ်ပျံ့လွမ်းမောဖွယ် အဖြစ်အပျက် … ထိတ်လန့်ခြောက်ခြားဖွယ် အဖြစ်အပျက် … ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်တွေနဲ့ ရိုက်ကူး ဖော်ပုံထားတဲ့ ဇာတ်လမ်းတစ်ခု …   “အဆောင် (၂) အိပ်မက်နိဒါန်း”

 

ဒါရိုက်တာ – အကယ်ဒမီမလိခစိုးထိုက်အောင်
ဇာတ်လမ်း၊ ဇာတ်ညွှန်း – မယ်ခိုင်နှင့် ရွှေပြည့်
သရုပ်ဆောင် – အကယ်ဒမီရဲအောင်၊ ပြေဇင်၊ ညီထွဋ်ခေါင်၊ ညိမ်းသော်၊ Russell၊ ထူးပြည့်အောင်၊
Young P၊ ဆုမြတ်နိုးဦး၊ စပ်ယွန်းဝတီးဦး၊ဆုထက်၊ မေစီမေ၊ မေသက်ကျော်၊ ထက်အိန္ဒြာနိုင်၊
ချစ်မေတ္တာချို၊ အိမ့်မှူးကေသွယ်